Wednesday, April 7, 2010

NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက်

ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ် လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက ယူအန်အေ ရွေးကောက်ပွဲမ၀င်

ကုလသမဂ္ဂမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်များကို ထောက်ခံကာ နအဖထံ တင်ပြတောင်းဆိုထားသည်ကို အကြောင်းမပြန်ကြားပါက ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း စည်လုံးညီညွတ်သော တိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအန်အေ) က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။

သင်္ကြန်ရုံးပိတ်ရက်အတွင်း အလုပ်ခိုင်းလျှင် အရေးယူမည်

နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်အတွင်း လုပ်ငန်းဆောင်ရွက်ရန် လိုအပ်နေသော လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားတို့၏ ဆန္ဒမပါဘဲ အလုပ်ခိုင်းစေခဲ့လျှင် အရေးယူမည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မီတာ ထိန်းသိမ်းခနှင့် ဒဏ်ကြေးငွေ တဆတက်

လျှပ်စစ်မီတာ ထိန်းသိမ်း စောင့်ရှောက်ခနှင့် ဒဏ်ကြေး ငွေများကို တဆ ထပ်မံတိုးမြှင့် လိုက်ကြောင်း သိရသည်။

“မီတာ ထိန်းသိမ်းခတွေ တက်တယ်ပေါ့၊ ဘာကြောင့် တက်တာလဲ မေးတော့ မီတာ ရုံးဝန်ထမ်းက သူတို့လည်း ဂဃဏန မသိဘူး၊ မီတာခသာ ပုံမှန် ဆောင်နေရတာ၊ မီး ပုံမှန် မလာဘူး”ဟု ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

မြန်မာကို အာဆီယံမှထုတ်ဖို့ အမတ်များ တောင်းဆို

ချင်းမိုင် (မဇ္ဈိမ) ။     ။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများလုပ်ရန် တောင်းဆိုမှုကို လျစ်လျူရှုလိုက်သဖြင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများလုပ်ရန်နှင့် အဖွဲ့မှထုတ်ပစ်ရန် ထိပ်သီးအစည်းအဝေးမတိုင်မီ အာဆီယံ လွှတ်တော်အမတ် ၁၀၀ ကျော်က တောင်းဆိုလိုက်သည်။

Tuesday, April 6, 2010

မအောင်မမြင်ဖြစ်ခဲ့သည်ကို အမှန်အတိုင်း ပြည်သူသို့ အန်အယ်လ်ဒီ တောင်းပန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယနေ့ ဧပြီ (၆) ရက်နေ့စွဲဖြင့် ပြည်သူသို့ ပန်ကြားချက်တစောင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ပန်ကြားချက်တွင် ၁၉၈၈ ခု ဒီမိုကရေစီအရေးတော်ပုံကြီးက ပေါ်ပေါက်ခဲ့သည့် အန်အယ်လ်ဒီအဖွဲ့ကြီး၏ ရည်မှန်းချက်နှင့် ကြိုးပမ်းဆောင်ရွက်ချက်များ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များ၏ စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တို့အတွက် ကြိုးပမ်းခဲ့ပုံများကို တင်ပြထားသည်။

လူထုတိုက်ပွဲကော်မတီက အစိုးရသစ်ဖွဲ့ရန်တိုက်တွန်း

Decision of Meeting (April 3 - 2010)                                                               

Monday, April 5, 2010

ဆင်သတ်သည်ဟု စွပ်စွဲကာ ကလေးစစ်သားစုဆောင်း

စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ် ၊ တပ်ကုန်းကျေးရွာအုပ်စု ၊ မှန်စောက်ကျေးရွာနေ ဦးသိန်းအောင် ၊ ဒေါ်ဝင်းမေတို့အား ဆင်သတ်သည်ဟု စစ်တပ်က စွပ်စွဲခြိမ်းခြောက်ကာ ကလေးတောင်းပြီး စစ်သားအဖြစ်စုဆောင်းသွားခဲ့သည်။


“မနှစ် (၁၀)လပိုင်းမှာ ခ.မ.ရ (၃၆၄) တပ်ရင်းက ဗိုလ်မှူးသက်ဦးနဲ့အဖွဲ့ ကျနော်တို့ဆီ ရောက်လာတယ်ဗျ။ ရောက်ရောက်ချင်းပဲ မပြောမဆိုနဲ့ ကျနော့်ကို လည်ပင်း နဲ့ လက်မောင်းတွေကို ကြိုးနဲ့ တုပ်တယ်ဗျာ။ နောက်ပြီး မြေပြင်ပေါ်မှာ ဒူးထောက်ခိုင်းထားပြီး (၄)လပိုင်းက သေသွားတဲ့ သစ်တောပိုင်ဆင်ကို သတ်ပါတယ်ဆိုပြီး စွပ်စွဲတယ်။ အဲဒီအတွက် ထောင်အနှစ် (၃၀) ကျသွားမယ်ဘာညာပြောပြီးလည်း ခြိမ်းခြောက်တယ်ဗျ။ ထောင်မကျချင်ရင် ကျနော့်သားကို စစ်တပ်ထဲထည့်ရမယ်တဲ့။ ကျနော်တို့လည်း ကြောက်တော့ ကလေးကို ထည့်ပေးလိုက်ရတယ်”ဟု ဖခင်ဖြစ်သူ ဦးသိန်းအောင်က ပြောသည်။