Tuesday, October 5, 2010

သို့

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဥက္ကဌ)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်။


အကြောင်းအရာ။ ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေံခံဥပဒေပုဒ်မ ၁၂၄(က) ပါ စကားရပ်ဖြစ်သော (ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်) ဥပဒေ စကားလုံးအားပယ်ဖျက်ပြီးမှသာ (ပထမအကြိမ် ပြည်သူ့လွှတ်တော်)ကျင်းပနိုင်မည်ဖြစ်သဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်သင့်ကြောင်း အသိပေးလိုသည့်ကိစ္စ။

အထက်ဖော်ပြပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပဲခူးမြို့ အမှတ်(၁၅၃၆) ၊ အလင်းရောင်း (၁) (၆) လမ်း နန်းတော်ရာရပ်ကွက် နေ ဦးအေးမြင့် (လမ်းပြကြယ်) (ဘ) ဦးအုန်းမောင် မှတ်ပုံတင်အမှတ် ၇/ပခန( နိုင် ) ၀၁၈၁၁၃ ကိုင်ဆောင်သူမှ အောက်ပါ အတိုင်းတင်ပြအကြောင်းကြား အသိပေးအပ်ပါသည်။

ယခုအခါ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပမည့်အချိန်လွန်စွာ နီးကပ်လာပြီဖြစ်သဖြင့် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ၏ ငွေများ ၊ နိုင်ငံတော်ပိုင် ငွေများ နှင့် တန်းဖိုးရှိလှသော အချိန်များ အဟောသိကံ ဖြစ်မည် စိုးရိမ်သဖြင့်ကြိုတင်အသိပေးအကြောင်းကြားခြင်းဖြစ်ပါသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၄(က) ပါ စကားရပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ဆိုသော စကားရပ်အား မပယ်ဖျက်လျှင် ပြဌာန်းအတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီးသော်လည်း ရွေးချယ်တင်မြောက်ပြီး (၁၅) ရက်အတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပလို့ မရပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၄( က ) အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကျင်းပမည့် အချိန်တွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေပုဒ်မ (၄၄၀) အရ ပြည်ထောင်စုလွှတ်တော်မကျင်းပရသေးသောအချိန်ဖြစ်သဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နိုင်ငံတစ်ဝှမ်းလုံး အာဏာမတည်သေးပါ၊ ထို့အတွက်ကြောင့် ယင်းစာသားကို ပယ်ဖျက်ရမည်ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ စာအုပ်များသည် နိုင်ငံတကာ အသီးသီးသို့ရောက်ရှိနေပြီးဖြစ်သဖြင့်ထောက်ပြလာလျှင် ဖြေရှင်းရမည့်အရေးနှင့်ကြုံတွေ့နိုင်ပါသည်။ ပထမ အကြိမ် ပြည်သူ့လွှတ်တော်ကျင်းပ၍မရလျှင် အစိုးရလည်းဖွဲ့၍မရတော့သည့်အဖြစ်နှင့်ကြုံတွေ့ရင်ဆိုင်ရမည့်အခြေအနေပေါ်ပေါက်ပါလိမ့်မည်။
နောက်တစ်ချက်အဓိက ထားတင်ပြလိုသည့်အချက်မှာ အတိုက်အခံများနှင့်ရွေးကောက်ပွဲဝင် ပါတီများမှ အာဏာမလွဲအပ်ချင်လို့ ကြိုတင်အကွက်ချ ထားသော ဖွဲ့စည်းပုံဟု စွပ်စွဲခြင်းခံရမည် ဟု ထင်ပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၄ ( က ) ပါစကားရပ်ဖြစ်သော ( ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်ပြီးနောက် ) ဆိုသော စကားရပ်ကို ပယ်ဖျက်သင့်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။



ဦးအေးမြင့်(လမ်းပြကြယ်)
၂၀၀၈ ခုနှစ် အောက်တိုဘာလ ( ၆ ) ရက်

Monday, October 4, 2010

သွေးမြေမကျသောဒီမိုကေ၇စီတိုက်ပွဲအောင်မြင်ေ၇းနှင့်၂၀၀၁ရွေးကောက်ပွဲပယ်ဖျက်ရပ်တန်.စေသောနည်းလမ်း

ဒီမိုကေ၇စီရရှိရေးအတွက်အစွမ်းကုန်ကြိုးစာနေသောတိုက်ပွဲဝင်အမာလိုင်း-အပျော့လိုင်းသမားများကိုပြည်သူလူထုသွေးမြေမကျသောနည်းလမ်း၁ခု-အဖြစ်ထွက်ပေါက်ကို(လမ်းပြကြယ်)အဖွဲ.မှတတ်စွမ်းသမျှဖေါ်ပြလိုက်ပါတယ်၊ပထမဦးစွာပြောကြားလိုတာကပြိုင်တူဝိုင်းရွှေ.သောနည်းဖြင့်အပျော.အမာမခွဲခြားပဲလက်တွဲတိုက်ပွဲဝင်၇န်ဖြစ်ပါတယ်-ယခုတင်ပြ--
သည့်ကိစ္စဟာလည်း(ပြည်ပေ၇ာက်အတိုက်အခံအင်အားစုများစုပေါင်းပြီးကမ္ဘာ.ကုလသမဂ္ဂသို.ေ၇ာက်အောင်အပြည်ပြည်ဆိုင်ရာဥပဒေဘောင်ဝင်အောင်ကျိုးစားပြီးနိုင်ငံတကာသိ၇ှိလာစေ၇န်
ဆောင်ရွက်စေလိုသောဆန္ဒကပိုမိုပြင်းပြပါတယ်)။ပထမဦးစွာအောက်ပါအချက်များကိုသိထား၇န်လိုအပ်ပါတယ်------

(၁)၂၀၀၈ခုနှစ်ဖွဲ.ပုံအခြေခံဥပဒေတွင်-ပထမအကြိမ်ပြည်သူ.လွှတ်တော်အားခေါ်ယူကျင်း၇န်အတွက်-ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၄(က)ဟန်.တားပိတ်ပင်နေခြင်း၊ပြည်သူ့လွှတ်တော်ခေါ်
ယူကျင်းပနိုင်ခြင်းမ၇ှိသောကြောင့်အစိုးရဖွဲ.လို.မ၇နိုင်တော့ပါ၊
(၂)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံမှားနေသည့်အချက်မှာပုဒ်မ၁၂၄(က)-ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကိုနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်။မှတ်ချက်၊ ၊(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်)ဆိုသောစကား၇ပ်အားပါယ်ဖျက်မှသာပထမ
အကြိမ်ပြည်သူ.တော်ကိုကျင်းပလို.၇မည်ဖြစ်ပါတယ်။
(၃)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ--၇၈။ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့် နေ့မှ ၁၅ ရက် အတွင်း
ကျင်းပရမည်။ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်။--(ယခုတင်ပြတဲ့ဥပဒေအ၇--ပြည်ထောင်စုလွှတ်တော်မကျင်းပမှီ-
ပြည်သူ.လွှတ်တော်ကျင်းပခြင်းသည်-ပြည်ထောင်စုလွှတ်မကျင်းပမှီေ၇ှးဦးစွာကျင်းပ၇မည်ဖြစ်ပါတယ်)။
(၄)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ-အခန်း(၁၄)ပုဒ်မ၄၄၁၊-- ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့်ဆန္ဒမဲ၏ မဲအများဖြင့် အတည်ပြုပြဋ္ဌာန်း
လိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထေင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာတည်သည်။(ယင်းပုဒ်မ၏-
အဓိပါယ်မှာ--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအာဏာတည့်သည့်နေမှာပြည်ထောင်စုလွှတ်တော်စတင်ကျင်းပသည်.နေ.ဖြစ်နေသဖြင့်--ဒီနေ၇ာတွင်ဥပဒေပြသနာပေါ်ပေါက်ခဲ့ပါသည်)။
(၅)ဖွဲ.စည်းပုံအခြေခံဥပဒေမပြင်ပဲနေလို့မ၇သောကိစ္စမှာ--၂၀၀၈ခုနှစ်ဖွဲ့စည်းပုံပုဒ်မ၁၂၄(က)တွင်ပါသော(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးသည်.နောက်)--ဆိုသောစကား၇ပ်ကိုပယ်
ဖျက်လိုအပ်လာပြီဖြစ်ပါတယ်။၂၀၀၈ခုနှစ်ဖွဲ့စည်းပုံပါဥပဒေစကား၇ပ်များကိုပယ်ဖျက်လိုလျှင်------အောက်ပါအချက်များလေ.လာသိ၇ှိထား၇မည်။




(က)ဖွဲ.စည်းပုံအခြေခံဥပဒေပါစကား၇ပ်များကိုပြင်ဆင်ခြင်း။ဖြည်.စွက်ခြင်းလုပ်လိုကပြည်လူထုသဘောထား၇ယူ၇န်၊ဆန္ဒခံယူပွဲပြန်လည်ပြုလုပ်ပြီးမှပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်း
ပြုလုပ်၇ပါသည်။
(ခ)လက်ရှိအုပ်ချုပ်နေသာနအဖအစိုး၇သည်ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသောအစိုးရမဟုတ်သဖြင့်လွှတ်တော်ခေါ်အမိန့်အာဏာထုတ်ပြီးပြင်ဆင်လို.မရပါ။
(ဂ)၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၄(က)တွင်ပါ၇ှိသော--(ဖွဲ.စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်)ဆိုသောစကား၇ပ်ကိုမပါယ်ဖျက်လျှင်--ပထမအကြိမ်ပြည်သူ.လွှတ်တော်
ခေါ်လို့မ၇တော.--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံဥပဒေပုဒ်မ-၄၄၁အ၇ပြည်ထောင်စုလွှတ်တော်ကျင်းပသည့်နေ့မှအာဏာတည်၇မည်ဆိုထားသောကြောင့်--ဥပဒေပါစကား၇ပ်များအ၇ေ၇ှ.နောက်ဗြောင်
ပြန်ဖြစ်နေပါတယ်။ဒါကြာင့်--၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအခြေခံဥပဒေကိုပြင်၇န်-ပြည်တွင်းကလည်းကျိုးစား၇မည်၊ပြည်ပအတိုက်ခံများကလည်းနိုင်ငံတကာသိအောင်အပြည်ပြည်ဆိုင်၇ာဥပဒေဘောင်
အတွင်းေ၇ာက်အောင်ကျိုးစားရမည်။
၂၀၀၈ခုနှစ်ဖွဲ.စည်းပုံအားရိုးရိုးသားအမှားလား-ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့်မောင်အေးတို့အာဏာမလွှဲအပ်ချင်လို.လျှို.၀ှက်ချက်လားစဉ်းစားစ၇ာလားဖြစ်နေပါတယ်--ဘာကြောင့်လဲ-----

(a)ဦးသိန်းစိန်-ဦးအောင်သောင်းစသည့်တို.---တပ်မတော်မှထွက်ခိုင်းပြိး၊၇ာထူးမှဖယ်၇ှားပြီး--ဗိုလ်ချုပ်များ-ဗိုလ် မှုးချုပ်များကိုတိုင်းမှုးသစ်သစ်အဖြစ်သွေးသစ်လောင်းထားပြီးပြီ။
(b)ဗိုလ်ချုပ်ကြီးမောင်အေးတို့ဦးသန်းရွှေတို.လက်၇ှိ၇ာထူးမှ မထွက်သေးအတိုက်အခံများကယခုဥပဒေမချက်ကိုထောက်ပြသည့်အခါ၂၀၁၀ေ၇ွးကောက်ပွဲကျင်းပပြီးသော်လည်းလွှတ်
တော်ခေါ်မ၇လို.ဖွဲ.စည်းပုံပြင်၇မည်.အကြောင်းပြပြီးအာဏာမလွှဲအပ်ပဲ--နအဖဆက်အုပ်ချုပ်မည့်အစီစဉ်ဆက်သွားမည်ဆိုတာတွေးစ၇ာဖြစ်နေပါသည်၊။

ကဲအတိုက်အခံ-အမာစား-အပျော့စားများေ၇---သပိတ်မှောက်မလား--၂၀၁၀ေ၇ွးကောက်ပွဲဝင်ေ၇ွးကြတာမှန်သလား--ဘယ်လိုဆက်တိုက်မလဲ--ပြည်သူချစ်တဲ့အင်အယ်ဒီပါတီလည်းမှတ်ပုံ
ခြင်းမှပယ်ဖျက်ခံ၇ပြီ၊ဒေါ်စုပြန်လွှတ်လာလျှင်ဘယ်နိုင်ငံေ၇းဇာတ်ခုံပေါ်တက်ဟောမလဲ----စဉ်းစားပါတော.းးးးးး။


ဦးအေးမြင့်(လမ်းပြကြယ်)

၂၀၁၀ခုနှစ်အောက်တိုဘာလ(၄)ရက်

Sunday, October 3, 2010

ဒီမိုကရေစီ အရေးစုပေါင်း စဉ်းစားရအောင်

တိုင်းပြည်ကို ချစ်ပါတယ်ဆိုသော ခေါင်းစဉ်တတ်ပြီး တိုက်ပွဲဝင်နေကြသော ဒီမိုကရေစီ တော်လှန်ရေးသမားများကို ပြောလိုသောဆန္ဒ ပေါ်ပေါက်လာသဖြင့် ဒီစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့များ ကိုယ့်အလုပ်ကိုမလုပ်ပဲ သူများလုပ်ငန်းကို သွားပြီးနှောက်ယှက် အပုတ်ချခြင်း ၀ါသနာပါနေတာလည်း ဆိုတာကို စဉ်းစားလို့ မတတ်အောင်ဖြစ်ခဲ့ရပါတယ်။ တစ်ယောက်လုပ်ငန်းကို တစ်ယောက်အပုတ်မချပဲ ကိုယ့်အလုပ်ကိုလုပ်ကြရရင် မကောင်းပါဘူးလား။ (မှတ်ချက်။ ။ အနေနှင့်တော့ တိုက်ပွဲဝင်လုပ်ငန်းမတူအဖွဲ့မျာရဲ့ လုပ်ရပ်ဟာ အများအတွက်ထိခိုက်မည်ဆိုရင်တော့ ပြောသင့်ပါတယ်) ဥပမာ- - မြန်မာပြည်အရေး အကြောင်းပြပြီး ပြည်ပမှာ နိုင်ငံရေး သူဖုန်းစား လုပ်နေသူများလို ဒေါ်လာယူ၊ မယားငယ်ယူ၊ ဆံပင်ညှပ်ဆိုင်ဖွင့်ပေး၊ မူးယစ်သောက်စား၊ ပျော်ပါးနေသူများ၊ ဆွေမျိုးတစ်စုနှင့် အဖွဲ့ထောင်ပြီး ဒေါ်လာယူနေသူများလို နိုင်ငံရေးသမားများကို ပြောသင့်ပါတယ်။
မြန်မာအတိုက်ခံ ဒီမိုကရေစီတိုက်ပွဲဝင်များကို ခွဲခြမ်းလိုက်ရင် (က) အမာစားတိုက်ပွဲဝင်များ နှင့် (ခ) အပျော့စားတိုက်ပွဲဝင်များ နှစ်မျိုးပဲ ရှိပါတယ်။ ဒီနှစ်မျိုးက ဘာလို့များ လက်မတွဲကြတာလဲ….. နောက်ပိုဆိုးတာက မိမိအလုပ်မိမိမလုပ်ပဲ တစ်ယောက်အလုပ်တစ်ယောက်အပုတ်ချနေတာနှင့်ပဲ အချိန်ကုန်နေကြတယ်လေ။ ၅၈သန်းသော ပြည်သူလူထုအတွက် ထည့်မတွက်ကြတော့ဘူး၊ တစ်ယောက်ကိုတစ်ယောက် သူက သူရဲကောင်း ငါကသူရဲကောင်းလို့ ထင်ပေါ်ချင်၊ ကြွားချင်နေကြတယ်။ ပြည်သူလူထုက အပြစ်တင်နေကြပြီ၊ စိတ်ကုန်နေကြပြီ ဆိုတာ နားမလည်ကြတာခက်တယ်။ မိမိအမှားတွေကို မိမိမြင်စေချင်တယ်လေ။ ကဲ စလိုက်ရအောင် ကျေးလက်တွေမှာ လယ်သမားတွေနှင့် ကျေးလက်လူငယ်တွေပြောလိုက်တဲ့ စကားကိုကြားရင် ရှက်တတ်ကြလိမ့်မည်လို့ထင်ပါတယ်။ “ ကျွန်တော်တို့မြန်မာနိုင်ငံမှာ နှစ်ဖက်ခေါင်းဆောင်တွေကသာ မိမိအမှားကို ၀န်ခံရဲတဲ့သတ္တိ မရှိသရွေ့ တိုင်းပြည်ကောင်းစားမည်မဟုတ်။” ကဲ ဘာပြောကြမလဲ လယ်သမားသားသမီးလူငယ်တွေ ပြောနေကြပြီ။ ဥပမာ- အင်အယ်ဒီ က တော်လှန်နေတယ်။ ရွေးကောက်ပွဲ သပိတ်မှောက်မယ်တဲ့။ ဘယ်လိုမှောက်မှာလဲဆိုတာကို အဖြေမပေးဘူး။ နောက်ပြီး မဲမပေးပဲနေကြ မဲမပေးလည်းနေလို့ရတယ်တဲ့။ သူပြောသလို အားလုံးမဲမပေးပဲနေလိုက်ပါပြီဆိုပါတော့… အဖြေက ဘာရမလည်းမတွက်ကြည့်ဘူး လမ်းညွှန်ချက်တွေသာ စွဲထုတ်နေကြတယ်။ မသိနားမလည်တဲ့ ကျောင်းသားလူငယ်တွေ အားကျလို့ လက်ကမ်းစာရွက်တွေ လိုက်ဖြန့်တယ်။ ယခုအချုပ်ခံရပြီ။ မည်သူ့မှာတာဝန်ရှိသလဲပြောပါ။ မှန်ကန်တဲ့ လမ်းစဉ်ချပေးစေချင်တယ်။ ဘယ်သူမှ မဲမပေးပဲရွေးကောက်ပွဲပျက်ပြီ။ နအဖ ပဲ ဆက်ကျန်နေပြီ။ ဘာလုပ်မလဲပြောမှပေါ့။ ရှေ့ဆက်ဘာလုပ်မည်ဆိုတာ မသိရပဲလုပ်နေကြရတယ်။ အောက်ခြေနိုင်ငံရေးလုပ်တဲ့လူငယ်တွေ နိုင်ငံရေးရှေ့ဆက်လုပ်ရမည့်လုပ်ငန်း ပျောက်ဆုံးနေတယ်။ (ရွေးကောက်ပွဲသပိတ်မှောက်တော်လှန်မှာ ပြည်သူတစ်ရပ်လုံး ရာနှုန်းပြည့်ထောက်ခံတယ်။ ၀ိုင်းလုပ်မည်ဆိုပြီး မျှော်လင့်နေကြပေမယ် ဘာမှဖြစ်မလာဘူး။ လမ်းညွှန်ချက်သာပေးနေတယ် ယခုပါတီဖျက်သိမ်းခံလိုက်ရပြီ။ ဒေါ်စုသာထွက်လာရင်ကျိုးမှာသိလား။ (ရွေးကောက်ပွဲအတင်းဇွတ်လုပ်မှာ (၂၉) ရက်ပဲ ကျန်တော့တယ်။ သပိတ်မှောက်လို့ မဆုံးသေးဘူး) ကိုယ်က မမှောက်နိုင်သေးပဲ အပျော့စားနိုင်ငံရေးသမားတွေကို အားမပေးချင်တောင် အပြစ်မပြောသင့်ဘူးလို့ ယုံကြည်တယ်လေ။ သူတို့လည်း သူတို့လမ်းစဉ်နှင့်သူတို့ ရှိတာပဲမဟုတ်လား။ မကူညီချင်နေ အနှောက်အယှက်မပေးစေချင်ဘူး။
ဒီအချိန်မှာလည်း ပြည်ပထွက်ပြေး အင်အယ်ဒီကို မျောက်ပြပြီးဒေါ်လာတောင်းနေသော ပြည်ပရောက် တစ်ချို့တွေသာ အုပ်စုက ခွက်ပျောက်မှာကြောက်လို့ ၀ိုင်းအော်လိုက်သေးတယ်။ သူတို့ကြည့်လိုက်တော့ မယားငယ်ယူ ဆံပင်ညှပ်ဆိုင်ထောင်ပေး ဇိမ်ခံကားစီး မူးယစ်နေတာတော့ ဖုံးထားကြတယ်။ ဟိုတယ်မှာ ဇိမ်ခံနေကြတာ ပြည်တွင်းက မသိဘူးမှတ်နေတယ်။ သူတို့ကိုလည်း မနှောက်ယှက်ပဲ ရွေးကောက်ပွဲဝင်မည့်သူတွေကိုကြတော့ ဒူးထောက်တယ်တဲ့ သစ္စာဖောက်တယ်တဲ့။ ကဲ ဒေါ်စုထွက်လာပြီး နိုင်ငံရေးစကားပြောချင်ရင် ဘယ်ဇာတ်ခုံပေါ်တက်မလဲ။ နိုင်ငံရေးစကားပြောတာနဲ့ ပြန်ဆွဲမှာ သတိထားမိသလား။ သူတို့ရဲ့လုပ်ရပ်လည်း ကြည့်သင့်တယ်လေ။ (၂၀၀၈ ဖွဲ့စည်းပုံကိုမကြိုက်ကြောင်း နအဖ ကိုလည်းမကြိုက်ဘူး) လို့ ကြေညာပြီးမှ ရွေးကောက်ပွဲဝင်တာလေ။ သူတို့လုပ်တာက လက်တွေ့ကျပြီး အဖြေရှိတယ်။ နောက်ပြီး (လွှတ်တော်ထဲမှာ ပြောရဖို့ အဓိကမကျ စိတ်မချရရင် လွှတ်တော်ပြင်ပမှာပြောခွင့်ရနိုင်ပြီလေ) ကဲ အားလုံး ပြည်သူအားလုံးချစ်တဲ့ ဒေါ်စုအတွက် ဘာရှိလဲ၊ ဘာဆက်လုပ်မလဲ ရဲဘော်တို့ မိမိအလုပ်သာဆက်လုပ်ပါ။ ကြက်နိုင်ငံရေးသမလား မလုပ်ကြပါနှင့်လို့ ပြောပါရစေ။



ဦးအေးမြင့်
(လမ်းပြကြယ်)
၂-၁၀-၂၀၁၀