Friday, March 19, 2010

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု နှိုးဆော်ချက်

Ncum Reminder                                                                

သံရုံးရှေ့ ဆန္ဒပြသူ ၂၆ ဦးကို ဒေလီရဲက တရားစွဲမည်

နယူးဒေလီ (မဇ္ဈိမ)။    ။ စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေကို မကျေနပ်သဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာသံရုံးရှေ့ တားမြစ်ဧရိယာ၌ ယနေ့ နံနက်တွင် ဆန္ဒပြခဲ့သည့် တက်ကြွလှုပ်ရှားသူ မြန်မာ ဦးရေ ၇၂ ဦးအနက် ၂၆ ဦးအား ဒေလီရဲက အမှုဖွင့်ကာ တရားစွဲမှာဖြစ်သည်။ 

နယူးဒေလီ မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ နံနက်ပိုင်းတွင် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ဆန္ဒပြ ကြသည့် အိန္ဒိယရောက် သံဃာတော် တပါး အပါအ၀င် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၆၈ ဦး ကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်း လိုက်သည်။


နယူးဒေလီရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများ သုတ်ထားသည့် ဆေးအနီများ (ဓာတ်ပုံ - Getty Images)
၎င်းတို့က နံနက် ၁၁ နာရီခန့်မှ စတင်၍ ကြွေးကြော် ဆန္ဒပြခဲ့ကြရာ ၄၅ မိနစ်ခန့် အကြာတွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်ဟု မြန်မာသံရုံး အနီးရှိ ချန်နကရာပူရီ ရဲစခန်းတွင် အထိန်းသိမ်း ခံနေရသူ တဦးဖြစ်သည့် ကိုဆလုံးက ဧရာဝတီသို့ ပြောသည်။

“အခု ကျနော်တို့ ရဲစခန်းမှာ ရောက်နေတယ်၊ အခုထိတော့ သူတို့ဘာမှ မလုပ် ကြသေးဘူး၊ ဒီအတိုင်းပဲ ရုံးခန်းမှာ ထိုင်နေ ကြရတယ်” ဟု ကိုဆလုံးက ပြောပြသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ဦးဆောင် ရှင်းလင်းနေသည့် မခင်ဥမ္မာ၊ နော်စီဖိုးရာစိန်နှင့် ဦးသိန်းဦး (ဓာတ်ပုံ - ဘစောတင်/ဧရာဝတီ)
ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်း စုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အစရှိသော အဓိကပါဝင် ရမည့် သူများကို ပါဝင်ခွင့် မရရန် ကန့်သတ် ထားသည့် အတွက် ယင်း ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ် သောကြောင့် ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ယခုသတင်းစာ ရှင်းလင်းပွဲ ကျင်းပသည့် Global Campaign on Burma’s 2010 Military Elections အဖွဲ့ က ရှင်းလင်းသည်။

အဆိုပါ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးသိန်းဦးက “နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြည်တွင်း ပြည်ပရှိ အဖွဲ့ အစည်းတွေရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဆန့်ကျင်ရမယ်။ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ်မပြုသင့်ဘူး။ မြန်မာ့နိုင်ငံရေးအတွက် သော့ချက် ကျတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ထုတ်ပြီးကျင်းပမယ့် ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှုရှိမှာမဟုတ်လို့ ဆန့်ကျင်ကြဖို့ ကျနော်တို့ ဒီလှုပ်ရှားမှုကို လုပ်တာ ပါ”ဟု ဧရာဝတီသို့ ပြောသည်။

ပါတီရပ်တည်ရေး နည်းလမ်းများ အန်အယ်လ်ဒီအတွင်း ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအတွင်း ပါတီဆက်လက်ရှင်သန်ရပ်တည်ရေး ကိစ္စများကို ပြီးခဲ့သည့် တနင်္လာနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် ရိုဟင်ဂျာများကို စည်းရုံး

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော မြို့နယ်ရှိ ရိုဟင်ဂျာ အများစု နေထိုင်သော ဒေသများတွင် အစိုးရ အာဏာပိုင်များက ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းနေကြောင်း ဒေသခံ များက ပြောသည်။

စစ်အစိုးရက မွန် (၁၅) ဦး ကော်မတီကို စည်းရုံး

မွန်တိုင်းရင်းသားပြည်သူတို့အား ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး အဆုံးအဖြတ်ပေးရန် ဖွဲ့စည်းထားသော မွန် (၁၅) ဦး ကော်မတီမှ ကော်မတီဝင်အချို့အား အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှ စစ်အရာရှိတို့က စည်းရုံးနိုင်ရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

ထိုင်းဆန္ဒပြပွဲမှတ်တမ်း

Thursday, March 18, 2010

မှတ်ပုံတင်ရေး မတင်ရေး NLD တွင် သဘောထား ကွဲလွဲ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်ရွှေက ပါတီ မဖျက်သိမ်းရေး အတွက် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သင့် သည်ဟု တနင်္လာနေ့က ပြုလုပ်သည့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ အစည်းအဝေး၌ ပြောကြား ခဲ့ကြောင်း ခိုင်လုံသော ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။


နှစ်ပေါင်းများစွာ ပိတ်ပင်ခံထား ရပြီးနောက် မကြာသေးမီက လုပ်ငန်းများ စတင် လည်ပတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရုံးခွဲ (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်း စုကြည်ကို ပါတီမှ ထုတ်ပယ်ရေး သို့မဟုတ် ပါတီကို အဖျက်သိမ်း ခံရေး လမ်းတခုခုကို ရွေးရန် အခက် ကြုံနေရသော NLD အတွင်း ပါတီမှတ်ပုံ တင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးကိစ္စ များနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ပေါက် နေကြောင်း သိရသည်။ ရွေးကောက်ပွဲ ဥပဒေသည် အထိန်းသိမ်း ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ပါတီများ၌ မပါဝင်နိုင်ရန် ကန့်သတ် ထားသည်။

“ဦးအောင်ရွှေက ပါတီ မှတ်ပုံ တင်ချင်တယ်၊ ရွေးကောက်ပွဲ ဝင်ချင်တယ်လို့ ပြောတယ်။ ဒေါ်စုကတော့

ရတခတိုင်းမှူးနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံ

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် မွန်ပြည်သစ် ဒု-ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့တို့သည် မတ်လ (၁၆) ရက်၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

ကိုညီညီအောင် ပြန်လွတ်ပြီ

အင်းစိန် အကျဉ်း ထောင်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံထားရသော ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုညီညီအောင်ကို စစ်အစိုးရ အာဏာပိုင်များက ယနေ့ ပြန်လွှတ်ပေး လိုက်ကြောင်း အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ဧရာဝတီသို့ ပြောသည်။


ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်တွင် စောင့်ဆိုင်းနေသော သတင်းထောက်များနှင့် ကိုညီညီအောင် တွေ့ဆုံနေပုံ (ဓာတ်ပုံ - Getty Images)
“နေ့လယ် ၁၂ နာရီမှာ အဒေါ်တို့ တွေ့ရတယ်၊ ၁ နာရီမှာ သူလက်မှတ် ထိုးတယ်၊ တခါတည်း လေဆိပ်ကို တန်းဆင်းတယ်၊ အခု လေဆိပ် ထဲဝင်သွားပြီး ၂ နာရီ ၄၀ မှာ လေယာဉ် ထွက်မယ် ဘန်ကောက် ကနေတဆင့် အမေရိကန်ကို သွားမယ်”ဟု ၎င်းက ပြော သည်။

ယင်း လွတ်မြောက်ရေး အတွက် အမေရိကန် သံရုံးမှ တာဝန် ရှိသူများက ဆောင်ရွက် ပေးခဲ့သည် ဟုလည်း ဒေါ်ခင်ခင်ဆွေက ဆို သည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ

နယူးဒေလီ (မဇ္ဈိမ)။     ။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဝေဖန်ရှုတ်ချထားသည့် လက်ကမ်းစာစောင်များ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိတ်တဆိတ် ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သိရသည်။

ကရင်ခေါင်းဆောင်များ နိုင်ငံရေးပါတီ ဖွဲ့မည်

ထင်ရှားသည့် ကရင်တိုင်းရင်း သားများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရန် ပါတီ ထူထောင်ရေး ကိစ္စများနှင့် ပတ်သက်ပြီး ကြိုးပမ်း ဆောင်ရွက် နေကြကြောင်းနှင့် တခြားသော ကရင်တိုင်းရင်းသားများက တသီးပုဂ္ဂလအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြကြောင်း သတင်း ရရှိသည်။

Wednesday, March 17, 2010

ဝန်ကြီးချုပ် ခရီးစဉ်ကြောင့် ဒေသခံများ အလုပ်တားမြစ်ခံရ

ဒါကာ (မဇ္ဈိမ)။     ။ စစ်အစိုးရ ဝန်ကြီးချုပ် ရခိုင်ခရီးစဉ်အတွက် ယမန်နေ့မှ စတင်၍ ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ပြီး သစ်ဝါးခုတ်နှင့် ထင်းခွေလုပ်ငန်းပင် မပြုလုပ်ရန် တားမြစ်ခံထားရသည်။

ကိုယ်စားလှယ် လောင်းများ ကျပ်သိန်းတရာ သုံးနိုင်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြာသပတေးနေ့တွင် ထုတ်ပြန်မည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၌ နိုင်ငံရေးပါတီ မှတ်ပုံတင်ကြေး၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အသုံးစရိတ်များ စသည့် အချက်များ ပါဝင်မည် ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေကို အိန္ဒိယ လွှတ်တော် အမတ်များ ရှုတ်ချ

မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ဥပဒေကို အိန္ဒိယ နိုင်ငံရေး သမားများက ယနေ့ ပြစ်တင် ရှုတ်ချလိုက်ပြီး ထိုဥပဒေကြောင့် မြန်မာနိုင်ငံ အတွင်း မငြိမ်မသက်မှုများ ဆက်လက် ဖြစ်ပွားလိမ့်မည်ဟု ပြောကြား လိုက်ကြသည်။

ရွေးကောက်ပွဲ ဥပဒေကို ကန့်ကွက် ရှုတ်ချနေသော နယူးဒေလီမှ မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဂျန်တားမန်တား ပန်းခြံတွင် တွေ့ရပုံ (ဓာတ်ပုံ - ဇာနည်မာန်)
အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတို့က နယူးဒေလီမြို့ လွှတ်တော် အဆောက်အအုံ အနီးရှိ ဂျန်တားမန်တား ပန်းခြံတွင် နံနက် ၁၁ နာရီက ပြုလုပ်သော ရွေးကောက်ပွဲ ဥပဒေ ဆန့်ကျင်သည့် ဆန္ဒ ဖော်ထုတ်ပွဲတွင် IPFDB ခေါ် မြန်မာ့အရေး လှုပ်ရှားနေသော အိန္ဒိယ ပါလီမန် အထက် လွှတ်တော် အမတ်များ အဖွဲ့က ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

“စစ်အစိုးရက ထုတ်တဲ့ ဥပဒေဟာ ဒီမိုကရေစီ နည်းလမ်း မကျဘူး။ ဒီအတိုင်းသာ ရွေးကောက်ပွဲ လုပ်ခဲ့ရင်

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ကေအန်ယူ တိုက်တွန်း

လူထုခေါင်းဆောင်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ခွင့်မရှိသည့် နအဖပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ချုပ်ကိုင်နိုင်ရန်အတွက် ဖြစ်သောကြောင့် နိုင်ငံတကာနှင့်ပြည်သူတရပ်လုံးက ဆန့်ကျင်တိုက် ဖျက်ကြရန် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ အမြန်ဖွဲ့သင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ အကြံပေး

မြန်မာနိုင်ငံတွင် လူသားများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှု မြောက်နိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စစ်ဆေးနိုင်ရန် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ကို အချိန်မဆွဲဘဲ ဖွဲ့စည်းသွားသင့်ကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ယမန်နေ့က ပြောကြားလိုက်သည်။

စစ်အစိုးရကို ဖိအားပေးရန် ယူအန်အေက ဘန်ကီမွန်းထံ စာပေးပို့

မြန်မာစစ်အစိုးရက တဖက်သတ်ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားများနှင့် ကွဲလွဲနေသည်သာမက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင်နေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်အစိုးရအား ပိုမိုဖိအားပေး သွားရန် ယူအန်အေ ခေါ် ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ ယမန်နေ့က စာရေးသား ပေးပို့ခဲ့သည်။

Tuesday, March 16, 2010

မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်


မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း

အရင်အပတ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂရုံးမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူကျင်းပပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-Moon) ဆီကို စာရေးပြီး တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် ရည်ရွယ်ထားတာဟာ စာနာမှု ကင်းမဲ့စွာနဲ့ တဖက်သားကို အထိနာအောင် လုပ်ထားတာပဲ ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ကောက်ချက်ချခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေကို လက်မခံကြရန် AIPMC တိုက်တွန်း

ချင်းမိုင် (မဇ္ဈိမ)။     ။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့ရွေးကောက်ပွဲ ဥပဒေကို လက်မခံကြရန် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော် အမတ်များက ယနေ့ တိုက်တွန်းလိုက်သည်။

စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေသည် လွတ်လပ်ပြီး တရားမျှတမှု မရှိသောကြောင့် လက်မခံကြရန် AIPMC (ASEAN Inter-Parliamentary Myanmar Caucus) က ကြေညာချက်ထုတ် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မယုံကြည်ရဟု ကင်တာနာပြော

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာက မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးနှင့် ပတ်သက်၍ တစုံတရာ တိုးတက်မှု မရှိကြောင်း ယမန်နေ့က ဂျနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီညီလာခံတွင် ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂ သတင်းက ဆိုသည်။


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ (ဓာတ်ပုံ - ရိုက်တာ)
စစ်အစိုးရက လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပမည်ဟု ပြောဆိုနေ သော်လည်း နိုင်ငံရေး အကျဉ်းသား များကို
လွှတ်ပေးခြင်း မရှိကြောင်း မစ္စတာ ကင်တာနာက ပြောသည်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ အပါအ၀င် ပြည်သူ တရပ်လုံး ပြည့်ပြည့် ၀၀ ပါဝင်ခွင့်၊  ပြည်သူ တွေနဲ့ နိုင်ငံရေး ပါတီတွေ ပါဝင်လှုပ်ရှား ဆောင်ရွက် နိုင်ခွင့် မရှိဘူးဆိုရင် ရွေးကောက်ပွဲကို ယုံကြည် စိတ်ချလို့ မရနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

Monday, March 15, 2010

ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး NLD ဆုံးဖြတ်တော့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရပ်တည်ရေးနှင့် ပတ်သက်ပြီး မတ်လ၂၉ ရက်နေ့တွင် ကျင်းပမည့် ပါတီ ဗဟိုဦးစီးများ အစည်း အဝေးမှ ဆုံးဖြတ် သွားမည် ဖြစ်ကြောင်း ယနေ့ ဆွေးနွေးခဲ့ ကြသည်ဟု NLD က ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ် (ဓာတ်ပုံ - AP)
ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီခွဲ အထိ ကျင်းပသော အစည်း အဝေးတွင် ယင်းသို့ ပါတီ ရပ်တည် ရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောဆိုသည်။

“ဒီနေ့ အစည်း အဝေးဟာ ပါတီ ဆက်လက် ရပ်တည်ရေး အတွက် ပါသလို၊ ရွေးကောက်ပွဲ ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ တွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အညီ ပါတီတွေ ဖွဲ့နိုင်တဲ့ အနေ အထားကို ရောက်မလာတဲ့ အတွက်ကြောင့် ဒီဥပဒေ အပေါ်မှာ ရင်ဆိုင် သွားမယ် ဆိုတဲ့ သဘောာထား တရပ်ကို ဒီနေ့ချမှတ် ဖြစ်ကြပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကြံ့ဖွံ့အသင်းက ၃ ပါတီ ဖွဲ့မည်ဟုဆို

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းသည် “ရှေ့ဆောင် ဒီမိုကရေစီ ပါတီ” အပါအ၀င် ပါတီ ၃ ခုအဖြစ် အသွင်ပြောင်းရန် ပြင်ဆင် နေသည်ဟု ထိုအသင်းနှင့် နီးစပ်သည့် နိုင်ငံရေး သမားတဦးက ပြောသည်။


ကြံ့ခိုင်ရေးအသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးနှင့် ဂျပန်မှ လူငယ်ကိုယ်စားလှယ်များ တွေ့ဆုံနေပုံ (ဓာတ်ပုံ - www8.cao.go.jp)
“ရှေ့ဆောင် ဒီမိုကရေစီ ပါတီက အဓိက ပါတီ ဖြစ်ပြီး နောက်ထပ် ကြံ့ခိုင်ရေး လူငယ်တွေ ပါတဲ့ ပါတီတခုနဲ့ အမျိုးသမီးတွေ ပါတဲ့ ပါတီ တခုပါ ပါမယ်လို့ သိရတယ်” ဟု အမျိုးသား နိုင်ငံရေး အဖွဲ့မှ သဘာပတိ အဖွဲ့ဝင် ဦးအုန်းလွင်က ပြောသည်။ 

ဤသတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရက ဦးစီးဖွဲ့စည်း ထားသည့် ကြံ့ခိုင်ရေး အသင်းမှ တာဝန်ရှိသူ များထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အပတ်က ထွက်ပေါ်လာသော ရွေးကောက်ပွဲ ဥပဒေအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကဲ့သို့သော တည်ဆဲ ပါတီများသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက် ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမည် ဖြစ်သည်။

ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို

ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ရွေးကောက်ပွဲဖြစ်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) က ကြားဖြတ်အစိုးရ ဖွဲ့စည်းမှသာ နိုင်ငံတကာနှင့်အများက လက်ခံနိုင်မည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (အမ်ပီယူ) က ပြောကြားလိုက်သည်။
အမ်ပီယူအဖွဲ့၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်စန်းစန်းက “ပြည်တွင်းမှာရှိနေတဲ့ စီအာပီပီအဖွဲ့က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဖွဲ့ထားတာ ဖြစ်တယ်။ အခုရှိနေတဲ့ အစိုးရဟာ ၂၀၀၈ ခုနှစ် ဥပဒေကိုလည်း သူ့ဘာသူ ဆွဲတယ်၊ ဒီဥပဒေက ဒီမိုကရေစီလမ်းကြောင်းကို သွားမှာမဟုတ်ဘူး။ ဒီဥပဒေအရ နောက်ထပ် ရွေးကောက်ပွဲတရပ်ကို ကျင်းပမယ်ဆိုတာကို ပြည်တွင်းပြည်ပက ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတော့ တခြားနည်းလမ်းအရ အများလက်ခံနိုင်မယ့် ကြားဖြတ်အစိုးရတရပ်ကနေပဲ လုပ်ရမှာဖြစ်တယ်။ စစ်အစိုးရအနေနဲ့ ကြားဖြတ်အစိုးရ လုပ်စရာမလိုဘူး၊ လုပ်ရမှာလည်း မဟုတ်ဘူး။ ပြည်သူလူထုက ထောက်ခံထားတဲ့အဖွဲ့တွေက လုပ်ရမှာဖြစ်တယ်” ဟု ပြောသည်။

ဒို့ ပြည်သူသို့..............

သျှင်စောဖြူ (ကမ္ဘောဇသာဒီ)

၂၀၁၀ပြည့်နှစ် မတ်လ (၈) ရက် နေ့စွဲနဲ့ နအဖအစိုးရက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ အမှတ် (၃/၂၀၁၀) ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။

အဲဒီမှာ အခန်း (၁၆) အထွေထွေကဏ္ဍအပိုဒ် ၉၁ (ခ) ကှ်ျဥပဒေဖြင့် ရုတ်သိမ်းလိုက်သည့် ဥပဒေအရ ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေမရှိတော့သည့်အတွက် ယင်းရွေးကောက်ပွဲရလဒ်များသည် အလိုအလျောက်ပျက်ပြယ်သည်ဟု မှတ်ယူရမည်လို့ဆိုထားပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း (၂၀) ၊ ၁၉၉၀ မေလ (၂၇) ရက်နေ့တွင် စစ်အစိုးရကိုယ်တိုင် တာဝန်ယူကျင်းပခဲ့ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရကိုယ်တိုင်က ပြောင်ပြောင်တင်းတင်း ဖျက်ဆီးမျက်ကွယ်ပြုလိုက်ပါပြီ။