Friday, March 26, 2010

ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံမတင်ဖို့ NLD လူငယ်တွေအကြံပြု

အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုအနေနဲ့ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေတွေကို လက်မခံ ကန့်ကွက်လိုက်ကြပြီး ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်လို့ ဒီကနေ့ ကျင်းပခဲ့တဲ့ တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲမှာ ဆုံးဖြတ်ချက် ချခဲ့ကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ အဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် လူငယ်စည်းဝေးပွဲကို အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် တက်ရောက်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေစုနဲ့ အတူရှိနေမယ်

(၇) ကြိမ်မြောက် အဖွဲ့ချုပ်လူငယ် တိုင်းနှင့်ပြည်နယ်အစည်းဝေး မှတ်တမ်းဓါတ်ပုံများ














၂၀၁၀အလွန်

၂၀၁၀ရွေးကောက်ပွဲ ။ လာတော့မည်။ ဘယ်နေ့ဘယ်ရက်မှာ ကျင်းပမည်လို့တော့ နအဖစစ်အစိုးရက အတိအကျ မထုတ်ပြန်သေး။ သို့သော် ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပြီးပြီ။

ကြားကာလအတွင်း လူထုတော်လှန်ရေးကြီး ပေါ်ပေါက်ပြီး ရွေးကောက်ပွဲပျက်လျှင်ပျက် မပျက်လျှင်တော့ နအဖ၏ ရွေးကောက်ပွဲ တင်းကုပ်သို့ အားလုံးဝင်ကြရတော့မည်။

လူထုတော်လှန်ရေးပေါ်ပေါက်ဖို့ဆိုသည်မှာလည်း မိမိရဲ့ပြောရေးဆိုခွင့် ၊ လုပ်ကိုင်နိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ကန့်သတ်ခံခဲ့ရပြီး အစဉ်တစိုက် စစ်အာဏာရှင်တို့ လုပ်သမျှ ခေါင်းငုံနေခဲ့ရသော မြန်မာလူထုအတွင်းက ဒုလ္လဘတရားတရပ်။

Thursday, March 25, 2010

မြန်ပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည် - အမေရိကန်ရောက်မြန်မာမိသားစုများ မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း စွမ်းဆောင်သူများကို ဂုဏ်ပြုကြမည်

ယမန်နေ့က အမေရိကန်ပြည်ရောက် မြို့ ၉ မြို့က မြန်မာမိသားစုတို့၏ စုဝေး ကြေငြာချက်တခု ထွက်ရှိလာသည်ကို တွေ့ရသည်။ မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း လှုမှုလုပ်ငန်း စွမ်းဆောင်သူများကို ဂုဏ်ပြု ကျေးဇူးတင်သည့် အစီအစဉ်အဖြစ် - Citizen of Burma Award (ပြည်သူ့ဂုဏ်ရည်) အစီအစဉ်တခုကို နှစ်စဉ် ကျင်းပမည်ဖြစ်ကြောင်း ကြေငြာလိုက်ခြင်း ဖြစ်သည်။
၎င်းတို့ အင်တာနက်ဝက်ဆိုက်တွင် တင်ဆက်ထားချက်အရ - www.CitizenofBurma.org ၂၀၀၉ ခုနှစ်အတွက် Citizen of Burma ကို မြို့အလိုက် မိတ်ဆွေများ၊ မိသားစုများ၊ အဖွဲအစည်းအသီးသီးမှ၎င်း၊ အင်တာနက်ပေါ်က ဆန္ဒပြုလွှာများ အွန်လိုင်း တင်သွင်းခြင်းဖြင့်၎င်း ဆန္ဒပြုကြမည် ဖြစ်ပြီး နောက်ဆုံး ဆန်ကာတင် ၅ ဦးကို ဧပြီလလယ်တွင် အင်တာနက် ဆန္ဒမဲစနစ်ဖြင့် လက်ခံကာ ရွေးချယ်ကြမည်ဟု ဆိုသည်။
ပါဝင်ဂုဏ်ပြုကြမည့် မြို့များအလိုက် တမြို့လျင် အမေရိကန်ဒေါ်လာ ၅၀၀ အနည်းဆုံးဖြင့် မတည်ကြရန် သဘောတူထားကြသည်ဟု ဆိုသည်။ ရန်ပုံငွေ ရရှိအောင် မြန်မာမိသားစုများအချင်းချင်း တွေ့ဆုံဆွေးနွေး ရှင်းပြကြပြီး ရန်ပုံငွေ ပို့စကဒ်ရောင်းချခြင်း၊ တတ်အားသမျှ အလှူငွေ လက်ခံခြင်းတို့ ပြုလုပ်မည်ဟု စဉ်းစားထားကြသည်ဟု သိရသည်။
ပါဝင်လက်တွဲဆောင်ရွက်လိုသည့် စေတနာရှင်များ၊ အဖွဲ့အစည်းများကိုလည်း အမြဲတမ်း လက်ကမ်းကြိုဆိုလျက်ရှိကြောင်း၊ ၀ိုင်းဝန်းကြမည့် မြို့များ၊ စေတနာရှင်များ အစဉ်တိုးတက်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြို့များအလိုက် စေတနာရှင်လုပ်အားပေးများ၊ ဖြစ်မြောက်ရေးဆောင်ရွက်သူများဖြင့် ချိတ်ဆက်ဆောင်ရွက် သတင်းပေးနေမည်ဟု လက်ရှိဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူ ဆက်သွယ်ရေးအဖွဲ့က ရှင်းပြသည်။
မြန်မာပြည်သားတို့ အချင်းချင်း ယိုင်းပင်းကူညီ - ပြည်သူ့ဂုဏ်ရည်ဟူသော ဆောင်ပုဒ်ကို တင်ဆက်ထားသည်နှင့်အညီ ထိုကဲ့သို့ ဂုဏ်ပြုကျေးဇူးတင်သည့် အစီအစဉ်အပြင် မြန်မာ့ပြည် လူမှုရေးစွမ်းဆောင်သူများ၊ စွမ်းဆောင်ချက်များနှင့် လုပ်ငန်းများအကြောင်းကို လိုက်လံ စုံစမ်း စာရင်းပြုစုပြီး စိတ်ဝင်စားသူတို့ လေ့လာသိရှိ အားပေးကူညီမှုများ ဆောင်ရွက်နိုင်စေရန် သတင်းအချက်အလက်များ စုစည်းတင်ဆက်မှုများကိုလည်း စေတနာရှင်များအကူအညီနှင့် တင်ဆက်သွားမည်ဟု သိရသည်။
လက်ရှိတွင် မြို့ ၉ မြို့ကို အခြေခံ၍ ဂုဏ်ပြုအစီအစဉ်နှင့် ဆန္ဒသဘောထား ကောက်ခံမှုကို ပြုလုပ်မည် ဖြစ်ပြီး၊ ဆက်လက်လည်း တိုးချဲ့သွားမည်ဖြစ်သည်။ ကောက်ခံရရှိသည့် အလှူငွေကို ဂုဏ်ပြုချီးမြှင့်သည့် အစီအစဉ်အတွက် သုံးစွဲမည် ဖြစ်ပြီး၊ နှစ်စဉ် အခမ်းအနားဖြင့် ကြေညာသည့် အစီအစဉ်ကို အိမ်ရှင်မြို့က သီးခြား ရန်ပုံငွေ ရှာပြီ့း မိတ်ဆွေမြို့များ၏ ၀ိုင်းဝန်းကူညီမှုဖြင့် ဆောင်ရွက်မည်ဟု ဆိုသည်။
လောလောဆယ်တွင် http://www.CitizenofBurma.org တွင် သတင်းထုတ်ပြန်ထားပြီး အင်တာနက် အွန်လိုင်းဖောင်ဖြင့် မိမိဂုဏ်ပြုလိုသည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ဆန္ဒပြုလွှာ တင်သွင်းနိုင်သည်ဟု ဆိုသည်။ အီးမေး သို့မဟုတ် စာတိုက်က တဆင့် ဆန္ဒပြုလိုပါက ပုံနှိပ်ပြီး ဖြည့်စွက်ရန် ဖောင်ကိုလည်း ရယူနိုင်သည်ဟု ဆိုသည်။
ယခုလက်ရှိ စာရင်းတင်သွင်းသည့် အမည်များ စတင်ရရှိနေချိန်တွင် ဆရာတော် ဦးဉာဏိသရ (သဲကုန်းဆရာတော်)၊ ဦးနာယက (ဖောင်တော်ဦးကျောင်းဆရာတော်)၊ ပိုင်းလော့ဆရာတော် (မိုးညှင်းသိင်္ဂီကျောင်းတိုက်)၊ နာရေးကူညီမှုအသင်း၊ ကိုကျော်သူ၊ ရွှေဇီးကွက် (ဒေါ်မြင့်မြင့်ခင်ဖေ)၊ ဒေါ်သန်းမြင့်အောင်၊ ကိုဇာဂနာ၊ မဖြူဖြူသင်း စသည့်အမည် ၉ ခု အဓိကလက်ခံရရှိနေကြောင်း ဆက်သွယ်ရေးတာဝန်ခံတဦးက မိုးမခသို့ ပြောကြားသည်။

copy by moemaka

Wednesday, March 24, 2010

သံဃာတော်တပါးက အန်အယ်လ်ဒီဥက္ကဌထံ အိတ်ဖွင့်ပေးစာပို့

ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်ရန်ရှိ

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် မှတ်ပုံတင်ကြေး ကြီးမြင့်ကြောင်း ဝေဖန်နေကြ သော်လည်း ဧပြီလအတွင်း နိုင်ငံရေး ပါတီ ၂၀ ထက် မနည်း မှတ်ပုံတင်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သော အသိုင်း အ၀ိုင်းက ပြောသည်။


လုံခြုံရေး တင်းကျပ်ထားသော ရန်ကုန်မြို့ (ဓာတ်ပုံ - အေပီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါဝင်ရေး မပါဝင် ရေးသည် အရေးပါလိမ့်မည် မဟုတ်ကြောင်း၊ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ပါတီများထက် ပိုများနိုင်ပြီး ကိုယ်စားလှယ် များသည်လည်း လူအများမှ လေးစား ရိုသေမှု ရှိသူများ၊ အကျင့် သိက္ခာနှင့် ပြစ်မှု၊ ပြစ်ဒဏ်မရှိ သူများသာ ဖြစ်လိမ့်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်နှင့် နီးစပ်သူ တပ်မတော် အရာရှိကြီးတဦးက ပြော ဆိုသည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပါတီပေါင်း ၂၃၆ ပါတီ မှတ်ပုံတင်ခဲ့ပြီး ၉၃ ပါတီ ယှဉ်ပြိုင်ခဲ့ရာ NLD က မဲအရေအတွက် ၈၀ ရာခိုင် နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

မြန်မာ့အရေး ကုလလုံခြုံရေး ကောင်စီ စည်းဝေးမည်

မဇ္ဈိမသတင်းဌာန ။      ။ အဖွဲ့ဝင်နိုင်ငံများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂ဝဝ၉ခုနှစ် သြဂုတ်လ နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့အရေးအား ယနေ့တွင် စုံညီစည်းဝေးကြမည်ဖြစ်ပြီး မြန်မာစစ်အစိုးရမှ လတ်တလော ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေများ အား ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရပေသည်။

NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက် ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်း ပါတီမှတ်ပုံ တင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဥပဒေ ထွက်ပြီးနောက် NLD ရုံးများ ပြန်ဖွင့်ခွင့် ရသော်လည်း သတ်မှတ် ထားသည့် အတိုင်း ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ မတင်ပါက NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲခံရမည် ဖြစ်သည်။

Tuesday, March 23, 2010

ဒေါ်အောင်ဆန်းစုကြည်သဘောထား ပေါ်ထွက်လာ

လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လျှောက်ထားသူ ပြုလုပ်ပြီး အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နစ်နာမှုတွေအတွက် လျှောက်ထားချက် ၂ ခုကို တင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ကတိအတိုင်း အကောင်အထည် ဖော်မပေးခဲ့တဲ့ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၂ ကြိမ် ကျခံစေတဲ့ ကိစ္စအပေါ် တားဝရမ်း ထုတ်ပေးဖို့ အခုလို လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောကြားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
ပထမအချက်ကတော့ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတဲ့ကိစ္စလို့ ဆိုရမှာပါ။ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ အရ ရွေးကောက်ခံရသော ပုဂ္ဂိုလ်များဖြင့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ဥပဒေစကားအရ Imperative မလုပ်မနေရ၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘောပါ။