Wednesday, October 13, 2010

လမ်းပြကြယ် လူပါးဝတယ်လို့ ဆိုရင်လည်း အပြောခံမယ်ဟေ့

အားလုံးသိရန် လမ်းပြကြယ်ရင်ဖွင့်လိုက်ပါတယ်။ လူပါးဝတယ် လူပါးဝတယ်လို့ ပြောချင်ပြောကြပါ။ လမ်းပြကြယ်က မည်သည့်ပါတီဝင်မှ မဟုတ်ပါ။ သေဆုံးသည်အထိ အမတ်မလုပ်၊ မည်သည့်ပါတီမှ မ၀င်ပဲ တတိယအင်အားစုတစ်ရပ်အနေနှင့် ရပ်တည်နေမယ်ဆိုတာ သိထားစေချင်တယ်။ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အယ်ဒီပါတီ မကျဆုံးအောင် ရှေ့ဆုံးက ­­­ရပ်တည်သွားမယ်။ ပါတီဝင်မှ အင်အယ်ဒီလူလို့ သတ်မှတ်တဲ့လူတွေ သိအောင်ပြောပြလိုက်မယ်။ ၅၈ သန်းသော ပြည်သူလူထုထဲမှာ(NLD) အင်အယ်ဒီပါတီမ၀င်ထားပေမယ့် မိမိကိုယ်မိမိ (NLD)အင်အယ်ဒီပါတီဝင်လို့ ခံယူပြီး နိုင်ငံအတွက် ကြိုးစားလုပ်ကိုင်နေသူတွေ ဒုနှင်ဒေး ဆိုတာ မှတ်ထားလိုက်ပါ။
ပြောမည်။ ဆရာကြီးဝင်းတင်၊ နိုင်ငံရေးဂုရုကြီး ဦးဥာဏ်ဝင်းနှင့် နောက်လိုက်အပေါင်းအပါတစ်စုကြောင့် ပြည်သူချစ်တဲ့ ဒေါ်စုနှင့် အင်အယ်ဒီပါတီကြီး ကျဆုံးခန်းရောက်နေပြီ။-------လမ်းပြကြယ်ကပြည်သူလူထုထဲက လူတစ်ယောက်လေ…။ ပြည်သူကြားနေတယ်ဆိုတော့ သူတို့ရဲ့ ရင်ထဲကစကားကို အနီးစပ်ဆုံးသိတယ်။ ဒေါ်စုနေအိမ် အကျယ်ချုပ်ကနေသိအောင် ပြည်ပ အသံလွှင့်ဌာနကို အားကိုးတကြီးနှင့် မျှော်လင့်ပြီးပြောမည်ကြံခဲ့တယ်။ အင်အယ်ဒီသတင်းကိုသာထည့်ပြီး ဦးတင်ဦး မျက်စိခွဲတာ နိုင်ငံရေးလား။ သူစင်ကာပူက ပြန်ရောက်တာ နိုင်ငံရေးလား၊ အောက်ကျခံပြောပြီး ရွေးကောက်ပွဲဝင်သူတွေ အကျပ်အတည်းနှင့် လွတ်လပ်စွာ စည်းရုံးခွင့်မရတာကိုကျတော့ အဖက်မလုပ်၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းတို့ အောက်ခြေမှာ ဖယိုဖရဲဖြစ်နေတဲ့ အောက်ခြေအင်အယ်ဒီပါတီဝင်တွေ ပြန်လည်စည်းရုံးနေတာကို (ပြည်သူလူထုကြားဆင်း စည်းရုံးနေတယ်လို့ လိမ်ကြေညာနေတယ်။ အသံလွှင့်ဌာနတွေအားလုံးထဲမှာ RFA က ဘက်အလိုက်ဆုံးဟေ့) လို့ လမ်းပြကြယ်အော်လိုက်ပြီနော် ဘာပြောမလဲ-ကြိုက်သလိုဝေဖန်၊ပြည်သူလူထုမျက်နှာပဲကြည့်တော့မည်ဟေ့------------------
လမ်းပြကြယ်ပြည်သူလူထုယုံကြည်မှုကို ရအောင်တည်ဆောက်နေသည်။ ယုံကြည်မှုလည်းရခဲ့ပြီ။ လမ်းပြကြယ်အိမ်သို့ ၅၈သန်းသောပြည်သူလူထုထဲမှအချို့နေ့စဉ်နေအိမ်သို.လာပြီး သူတို့အခက်အခဲကိုတင်ပြပြီး အကူညီတောင်းကြသည်။ တတ်နိုင်သမျှလာကူညီပေးခဲ့သည်။ နေ့စဉ်နှင့်အမျှ ၂၅ယောက်နှင့်၃၀ယောက် ပျမ်းမျှ နေ့စဉ်နေအိမ်သို.လာနေကြသည်။ ဒီတော့ လမ်းပြကြယ်မေးတော့မည်။ နိုင်ငံတော်အတွက် ဒီမိုကရေစီရအောင် တိုက်နေကြသော နိုင်ငံရေးသမားများနေအိမ်သို့ မည်သူက ယုံကြည်အားကိုးတကြီးနှင့် လာခဲ့ဖူးပါသလဲလို့ မေးမည်။ သင်ဖြေနိုင်မလား?။ ဟန်မဆောင်ကြေး လက်တွေ့စိန်ခေါ်နေပြီ။ ခင်ဗျားတို့ထက် ပြည်သူလူထုရဲ့ရင်ထဲစကားကို အနီးစပ်ဆုံးသိတယ်။ (အဲဒါကို ဒေါ်အောင်ဆန်းစုကြည် ပိုသိစေချင်တယ်) သိအောင်လဲ ကြိုးစားနေတယ်။ ဒေါ်စုကို အားကိုးတယ်။ အကြံယူမည်။ဒေါ်စုအတွက် တိုက်မည့်။
နိုင်ငံရေးပါတီချင်း ပူးပေါင်းလက်တွဲဖို့ မကြိုးစားဘူး။ ကြက်နိုင်ငံရေးသမားအကျင့် ကျင့်သုံးနေတာ မနေ့က ကြားလိုက်တယ်။ ပြည်ပအသံလွှင်ဌာနက ဒီ-ငြိမ်း ပါတီက NDF ပါတီကို အပုတ်ချတယ်။ ဦးလှမောင်ရွှေ ဆိုသူထံမှ အလှူငွေလက်ခံလို့ စိတ်မသန့်ဘူးတဲ့။ ဒီ-ငြိမ်းက ဘယ်ကပေါက်ဖွား ဆင်းသက်လာတာလဲ။ (ဖဆပလ) ခေတ် နိုင်ငံရေးအကျင့်ပျက်လူတစ်စုက ဆင်းသက်လာတာလို့ပြောရင် နာမလား။ နာလိုက်ပါ။ လမ်းပြကြယ်ရှင်းရဲတယ် ( ရန်သူ့လက်နက်ဟာ မိမိလက်နက်ဖြစ်ရန် စိတ်ဓါတ် ) နှင့် တိုက်နေတယ်လို့ NDF ဘက်က လိုက်ပြီးပြောလိုက်မယ်။
ကဲ- ဘာပြန်ပြောမလဲ။ ဝေဖန်လေ ဂရုမထားဘူး။ “NDFက ဦးလှမောင်ရွှေထံမှ ငွေယူပြီးရွေးကောက်ပွဲဝင်တယ် ဘယ်သူ့ကိုထိခိုက်သလဲ.. ကဲ- ပြော ။ ဒီ-ငြိမ်းပါတီက အရည်အချင်းမရှိ သိက္ခာမရှိ အကျိုးမရှိ သူ့ကိုငွေမလှူ မထောက်ပံ့လို့ မနာလိုတာ ထင်ရှားနေတယ်။ ဒါလား မြန်မာပြည်လူထုကိုကယ်မည့်ပါတီ။ မိမိဇာတိရုပ်ပြနေတာ ပြည်သူက မသိဘူး၊ မတတ်ဘူး လို့မှတ်နေတယ်လို့ လမ်းပြကြယ် လူပါးဝလိုက်တယ်လေပြန်ပြောမလား။ ပြန်ပြော ( အဲဒိလိုပါတီမျိုး ကိုယ်စားလှယ်တစ်ယောက် တောင်မနည်းရအောင် ကြိုးစားရမယ်) ဆိုတာ ကြိုပြောလိုက်မယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၅၈သန်းသော ပြည်သူလူထုကို ငဲ့ညှာပါဦး နအဖကို ကြက်ဥတိုက် အားမွေးပေးနေကြတဲ့ ဒီ-ငြိမ်းလိုပါတီတွေ ရှိသေးတယ်။ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်းလည်း ပြင်သင့်ပြီ။ လမ်းပြကြယ်ပါတီထောင်ခဲ့လျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံမှ ငွေအလှူခံမယ် ထောက်ပံ့လဲယူမှာပဲ။ ကိုယ့်မှာက ယခင်ကတည်းက ဒုတ်မရှိဘူးလေ။ သူ့ဒုတ်နဲ့ သူပြန်ရိုက်ရန် ကြိုးစားတာအဆန်းလား။ ဥပမာ- လက်တွေ့ထောက်ပြမယ်။
၂၀၁၀ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးပါတီကီ ငွေနှင့်စည်းရုံး၊ အာဏာဖြင့် စည်းရုံးတယ်။ မက်လုံးပေးတယ်။ ခင်ဗျားတို့ပါတီတွေသာ ပြည်သူလူထုကြားထဲကို အမှန်တကယ်ဆင်းပြီး လေ့လာရင် သိလိမ့်မည်။ ပြည်ခိုင်ဖြိုးပါတီကပေးတာယူနေကြတယ်။ မဲပေးရန် ဆုံဖြတ်တဲ့ ပြည်သူ့ဦးနှောက် သူ့ကိုမပေးဖို့ နှလုံးသားထဲမှာ ၀ှက်သိမ်းထားတယ်။ မလောက်လေးမလောက်စား နိုင်ငံရေးစိတ်ဓါတ်နှင့် မိမိပါတီအလုပ် မိမိမလုပ်ပဲ အချင်းချင်း အပုတ်ချတတ်တဲ့ နိုင်ငံရေးပဲ လုပ်တတ်တယ်။
ရွေးကောက်ပွဲဝင် အတိုက်အခံများကို ပြည်ခိုင်ဖြိုးပါတီနှင့် တစည ပါတီတို့ကို အတုယူစရာ အချက်(၁)ခုကို လမ်းပြကြယ် ထောက်ပြလိုက်မယ် (၀ါ) လူပါးဝပြလိုက်မယ်…။ ခင်ဗျားတို့က သူတို့နှစ်ပါတီကို အလုပ်ပျက်ခံပြီး ကျီးကန်းလို ၀ိုင်းအာနေကြတယ်။ သူတို့က ဘာမျှပြန်မပြောပဲ သူတို့အလုပ်သူတို့လုပ်နေကြတယ် တွေ့လား… နောက်ဆုံးအနေနှင့် လမ်းပြကြယ်ပြောလိုက်မည်။ ဦးလှမောင်ရွှေကိုလည်းမသိ-မမြင်ဘူးပါ။ ဒါပေမယ့် အင်ဒီအက်(NDF) နှင့် ယူဒီပီ(UDP) ပါတီတို့ မဲအောင်နိုင်ရေး လုပ်နေတဲ့ လမ်းပြကြယ်က ဦးလှမောင်ရွှေထံ သွားအလှူခံမည်။ ပေးမလား ယူမယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သားအဖတော်ပြီး လည်ပင်းဖက်ထားပါစေ။ သူတို့ကို ပြန်ရိုက်ဖို့ ဒုတ်လိုနေတယ်လေ။ ပြည်ခိုင်ဖြိုးနှင့် တစည ကို နိုင်ဖို့ ငွေဖြစ်တဲ့ ဒုတ်လိုနေတယ်။ ရိုက်ခွဲဖို့လေ လမ်းပြကြယ်ကိုပြောမလား…. စိန်ခေါ်မလား…… လူပါးဝလိုက်ပြီဟေ့…….။ ။
(အတိုက်အခံပါတီတွေ မညီညွတ်သေးသရွေ့ လမ်းပြကြယ် စိန်ခေါ်နေမယ်)



ဦးအေးမြင့် (လမ်းပြကြယ်)
၂၀၁၀ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်။

No comments:

Post a Comment