Tuesday, October 5, 2010

သို့

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဥက္ကဌ)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်။


အကြောင်းအရာ။ ။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေံခံဥပဒေပုဒ်မ ၁၂၄(က) ပါ စကားရပ်ဖြစ်သော (ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်ပြီးနောက်) ဥပဒေ စကားလုံးအားပယ်ဖျက်ပြီးမှသာ (ပထမအကြိမ် ပြည်သူ့လွှတ်တော်)ကျင်းပနိုင်မည်ဖြစ်သဖြင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်သင့်ကြောင်း အသိပေးလိုသည့်ကိစ္စ။

အထက်ဖော်ပြပါအကြောင်းအရာနှင့်ပတ်သက်ပြီး ပဲခူးမြို့ အမှတ်(၁၅၃၆) ၊ အလင်းရောင်း (၁) (၆) လမ်း နန်းတော်ရာရပ်ကွက် နေ ဦးအေးမြင့် (လမ်းပြကြယ်) (ဘ) ဦးအုန်းမောင် မှတ်ပုံတင်အမှတ် ၇/ပခန( နိုင် ) ၀၁၈၁၁၃ ကိုင်ဆောင်သူမှ အောက်ပါ အတိုင်းတင်ပြအကြောင်းကြား အသိပေးအပ်ပါသည်။

ယခုအခါ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပမည့်အချိန်လွန်စွာ နီးကပ်လာပြီဖြစ်သဖြင့် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် ပါတီ၏ ငွေများ ၊ နိုင်ငံတော်ပိုင် ငွေများ နှင့် တန်းဖိုးရှိလှသော အချိန်များ အဟောသိကံ ဖြစ်မည် စိုးရိမ်သဖြင့်ကြိုတင်အသိပေးအကြောင်းကြားခြင်းဖြစ်ပါသည်။ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၄(က) ပါ စကားရပ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ဆိုသော စကားရပ်အား မပယ်ဖျက်လျှင် ပြဌာန်းအတည်ပြုထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီးသော်လည်း ရွေးချယ်တင်မြောက်ပြီး (၁၅) ရက်အတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ကျင်းပလို့ မရပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၄( က ) အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကျင်းပမည့် အချိန်တွင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေပုဒ်မ (၄၄၀) အရ ပြည်ထောင်စုလွှတ်တော်မကျင်းပရသေးသောအချိန်ဖြစ်သဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ နိုင်ငံတစ်ဝှမ်းလုံး အာဏာမတည်သေးပါ၊ ထို့အတွက်ကြောင့် ယင်းစာသားကို ပယ်ဖျက်ရမည်ဖြစ်ပါသည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ စာအုပ်များသည် နိုင်ငံတကာ အသီးသီးသို့ရောက်ရှိနေပြီးဖြစ်သဖြင့်ထောက်ပြလာလျှင် ဖြေရှင်းရမည့်အရေးနှင့်ကြုံတွေ့နိုင်ပါသည်။ ပထမ အကြိမ် ပြည်သူ့လွှတ်တော်ကျင်းပ၍မရလျှင် အစိုးရလည်းဖွဲ့၍မရတော့သည့်အဖြစ်နှင့်ကြုံတွေ့ရင်ဆိုင်ရမည့်အခြေအနေပေါ်ပေါက်ပါလိမ့်မည်။
နောက်တစ်ချက်အဓိက ထားတင်ပြလိုသည့်အချက်မှာ အတိုက်အခံများနှင့်ရွေးကောက်ပွဲဝင် ပါတီများမှ အာဏာမလွဲအပ်ချင်လို့ ကြိုတင်အကွက်ချ ထားသော ဖွဲ့စည်းပုံဟု စွပ်စွဲခြင်းခံရမည် ဟု ထင်ပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၄ ( က ) ပါစကားရပ်ဖြစ်သော ( ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်ပြီးနောက် ) ဆိုသော စကားရပ်ကို ပယ်ဖျက်သင့်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။



ဦးအေးမြင့်(လမ်းပြကြယ်)
၂၀၀၈ ခုနှစ် အောက်တိုဘာလ ( ၆ ) ရက်

No comments:

Post a Comment